မတ်လ ၅ ရက်နေ့အတွက် ပြည်တွင်းနဲ့ နိုင်ငံတကာက ထူးခြားတဲ့သတင်းများ

- မဟာမိတ် (၃) ဖွဲ့ အပြည့်အဝထိန်းချုပ်ထားလိုက်ပြီးဖြစ်တဲ့ မြို့တွေထဲက မြို့ (၃) မြို့ကို စစ်အုပ်ချုပ်ရေးဥပဒေ ကျင့်သုံးမယ်လို့ ကြေညာလိုက်တာဟာ စစ်ကောင်စီနဲ့ မဟာမိတ် (၃) ဖွဲ့ကြားမှာ သဘောတူထားတဲ့ ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရာမှာအခက်အခဲတွေဖြစ်ပေါ်လာနိုင်မှာကို အထူးစိုးရိမ်မိတယ်လို့ မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်ထားတဲ့သတင်း - စက်မှုကုန်ချောတင်ပို့မှုမှ ကန်ဒေါ်လာ ၈ ဘီလီယံကျော်ရရှိထားတယ်ဆိုတဲ့သတင်း - ထိုင်းနိုင်ငံ မဲဆောက်မြို့က ထိုင်းဘုန်းတော်ကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်တစ်ပါးကို အုတ်ခဲနဲ့ ထုသတ်ခဲ့တဲ့ မြန်မာနိုင်ငံသားကို လေးရက်အကြာမှာ ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်း - လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်အပါအဝင် ကထိက (၅) ဦးကို ထောင်ဒဏ် (၂) နှစ်အပြင် ငွေဒဏ်ကျပ် (၉) သိန်း ချမှတ်ခဲ့တယ်လို့ KNDF လက်အောက်ခံ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ထား - လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ် ၃ ခု တွင် တစ်လကျော် အတွင်း စစ်ဘေးရှောင်ဦးရေ ၉ သောင်းကျော် ရှိ #pan_broadcasting
Back to Top