ကလေး PDF တွေ ခေါ်သွားတဲ့ ကလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ယောဟန်ထွန်း ရဲ့ ပြောကြားချက်ထုတ်ပြန်

ကလေး PDF တွေ ခေါ်ဆောင်သွားတဲ့ ကလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ယောဟန်ထွန်း ရဲ့ ပြောကြားချက်ထုတ်ပြန် မတ်လ ၁ - ၂၀၂၄ စစ်ကိုင်းတိုင်း ကလေးမြို့ ကလေး တက္ကသိုလ်မှာ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က နှစ်ဘက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် PDF တွေက တက္ကသိုလ်ထဲ ဝင်လာပြီး ဆရာ/ဆရာမ နဲ့ ကျောင်းသူ ကျောင်းသားတွေကို ဘေးကင်းရာ ထွက်ဖို့ ညွှန်ကြားခဲ့ပြီး ခေါ်ဆောင်သွား တာ ဖြစ်ကြောင်း ပါမောက္ခချုပ် ဒေါက်တာ ယောဟန်ထွန်း ရဲ့ ရုပ်သံဖိုင် တခု အမှတ် ၁ စစ်ဒေသ က ထုတ်ပြန်ထား ပါတယ်။ သူတို့ အားလုံး ဘေးကင်းလုံခြုံစွာ ရှိနေပြီး ဒီကနေ့ မနက်မှာတော့ ကျောင်းသူ တချို့ကို ပြန်ပို့ပေးခဲ့ပြီ ဖြစ်ကာ ကျန်တဲ့ လူတွေလည်း မကြာခင် ရောက်ရှိလာမှာ ဖြစ်တယ်လို့ ပါမောက္ခချုပ် က ရုပ်သံမှာ ပြောကြား သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ တုန်းက ကရင်နီပြည် လွိုင်ကော်တက္ကသိုလ် က ပါမောက္ခချုပ်နဲ့ ဆရာဆရာမတွေ ဝန်ထမ်းတွေကို တိုက်ပွဲကနေ ဘေးလွတ်ရာကို KNDF တပ်ဖွဲ့တွေက ခေါ်ထုတ်သွားခဲ့ဖူး ပါတယ်။ အဲဒီတုန်းကတော့ non CDM တွေဆိုပြီး ဆရာဆရာမတွေကို ခန်ဝံ နဲ့ ပြန်လွှတ်ပေးခဲ့ပြီး ပါမောက္ခချုပ်နဲ့ ၅ ဦးကိုတော့ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ ---------------- THN freelance journalist - ဖေ့စ်ဘွတ် မှာလည်းကြည့်ပြီး ပံ့ပိုးနိုင်ပြီ ဖေ့စ်ဘွတ် မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ --------------------------- Twitter - တယ်လီဂရမ်လည်း ရှိပြီ တစ်တော့ လာပြီ @thnmedia?lang=en
Back to Top