မြန်မာကို ဗိုလ်ကျတာဆိုတဲ့ တရုတ်တားလိုက်တဲ့ စည်း ၃ စည်း - ဦးသန်းစိုးနိုင် ဝေဖန်သုံးသပ်သည်

မြန်မာကို ဗိုလ်ကျတာဆိုတဲ့ တရုတ်တားလိုက်တဲ့ စည်း ၃ စည်း - ဦးသန်းစိုးနိုင် ဝေဖန်သုံးသပ်သည် --------------------- ‘’ဒါက သက်သက် ဗိုလ်ကျ အနိုင်ကျင့်တာလို့ပဲ ကျွန်တော်ထင်တယ်ဗျ...’’ ‘’ဘာဖြစ်လို့သူ့မှာ စည်းတားခွင့်ရှိတာလဲ... ဘယ်သူက ဒီအခွင့်အရေးကို ပေးထားတာလဲ...’’ ဦးသန်းစိုးနိုင် (ဝါရင့် နိုင်ငံရေး အကဲခတ်) --------------------- တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိ က မြန်မာပဋိပက္ခနဲ့ ပတ်သက် ပြီး စည်း ၃ စည်းကို ကျော်လို့ မရကြောင်း မကြားသေးခင်က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျင်းပတဲ့ လန်ချန်း-မဲခေါင် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ - တရုတ် မြန်မာ လာအို ထိုင်း ၄ နိုင်ငံ သြဂုတ် ၁၆ သီးခြား ဆွေးနွေးရာမှာ မစ္စတာ ဝမ်ယိက ပြောကြားလိုက်တာ ဖြစ်ပြီး အဲဒီ မကျော်ရ စည်း ၃ စည်း ကတော့ ၁။ မြန်မာနိုင်ငံတွင် ပြည်တွင်းမတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွား၍မရခြင်း ၂။ အာဆီယံမိသားစု၏လမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်း ၃။ ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်း ဆိုတဲ့ စည်းတွေ ဖြစ်ပါတယ်။ မြန်မာပြည်ကို တရုတ်ဒေသ တခုလို သဘောထား ပြောဆိုလိုက်တဲ့ အခု စည်း ၃ စည်းနဲ့ ပတ်သက်ပြီး ဒါက ဘာကို ရည်ရွယ်တာလဲ... စည်း ၃ စည်း ကျော်လိုက်ရင် ဘာတွေ ဖြစ်မလဲ... မြန်မာအပေါ် တရုတ် သဘောထား က ဘာလဲ... တရုတ် ဖြစ်စေချင်တာက ဘာလဲ... စစ်ကောင်စီ နဲ့ နွေဦး အကြား အကျိုးသက်ရောက်မှု... စတဲ့ ဖြစ်နိုင်ခြေ အနေအထားတွေ အပေါ် ဝါရင့် နိုင်ငံရေး အကဲခတ် ဦးသန်းစိုးနိုင်ကို မေးမြန်း တင်ဆက်ထားပါတယ်။ ---------------- THN Public Media - ဖေ့စ်ဘွတ် မှာလည်Ɵ
Back to Top