အစောဆုံးမင်းပြန်ခဲ့ ၊ နှင်းသက်သက်ဝေ - ကိုနေဝင်း ၊ ခင်ဝမ်း

အစောဆုံးပြန်ခဲ့ပါ မှောင်ရိပ်များကြီးစိုးကာ ညကိုအကြိုထောက်ရင် တိမ်လွှာမှာ ဆီမီးထွန်းသလိုလေ ကြယ်ပွင့်များလင်းလက် လမင်းကိုအကြိုထောက်ရင် ဘယ်သူမျှော်မယ် သတိရရင်တွေးကြည့် အစောဆုံးမင်းပြန်ခဲ့တော့ကွယ် အချစ်ရယ်... နောက်ကျသွားမှာ စိုးမိတယ်... အရုဏ်ဦး တိုးထွက်ကာ နေ့ကိုခုန်မကူးခင် တိမ်လွှာမှာ ဆီမီးမငြိမ်းခင်လေ ကိုယ်ရောင်လေး ယိမ်းနွဲ့ယဉ် မင်းကိုမမြင်ရရင် ဘယ်လိုနေမယ် တမ်းတစိတ်ကူးကြည့် အနီးဆုံးရောက်အောင် လှမ်းခဲ့ကွယ် အချစ်ရယ်... တရွေ့ရွေ့ဝေးမှာ စိုးမိတယ်... အစောဆုံးမင်းပြန်ခဲ့တော့ကွယ် (အစောဆုံးမင်းပြန်ခဲ့တော့ကွယ်) အစောဆုံးမင်းပြန်ခဲ့တော့ကွယ် (နောက်ကျသွားမှာ စိုးမိတယ်) အနီးဆုံးရောက်အောင် လှမ်းခဲ့ကွယ် (အနီးဆုံးရောက်အောင် လှမ်းခဲ့ကွယ်) အနီးဆုံးရောက်အောင် လှမ်းခဲ့ကွယ် (တရွေ့ရွေ့ဝေးမှာ စိုးမိတယ်)
Back to Top