နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အမည်မသိတဲ့အဖွဲ့က ချုံခိုတိုက်ခိုက်

နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အမည်မသိတဲ့အဖွဲ့က ချုံခိုတိုက်ခိုက် ------- အကုန်သိ မှုခင်း ------ မောင်တောမြို့နယ်၊ နယ်မြေ(၂)၊ နယ်စပ်ခြံစည်းရိုး မှတ်တိုင် ၄၁ နှင့် ၄၂ အကြားမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေစဉ်မှာ တစ်ဖက်နိုင်ငံမှ စိစစ်ဆဲအဖွဲ့က ချောင်းမြောင်းတိုက်ခိုက်သွားခဲ့ပါတယ်။ ဒါကြောင့် ရဲတပ်သားတစ်ဦး ဝဲနောက်ကျော ကျည်ဖောက်ဝင်ပြီး ရှေ့ဝမ်းဗိုက်ပေါက်ထွက်သွားခဲ့ပါတယ်။ ရဲတပ်သားတစ်ဦးကိုတော့ တစ်ဖက်နိုင်ငံအတွင်းမှာ သေနေတဲ့ ရုပ်အလောင်းပဲ ပြန်တွေ့ခဲ့ပါတယ်။ တင်ဆက် - သိမ့်အေးချမ်း၊ တည်းဖြတ် - သူရိန်
Back to Top