ပဲဒက် စစ်ကောင်စီ စခန်းကို ပူးပေါင်း အဖွဲ့တွေ သိမ်းယူ - BBC NEWS မြန်မာ

၂၀၂၄ ခုနှစ်၊ မေလ ၉ ရက် ဘီဘီစီ မြန်မာတီဗီ အစီအစဉ် - မြိတ် ထားဝယ် ကားလမ်းပေါ်က စစ်ကောင်စီရဲ့ ပဲဒက် စခန်းကို ကရင့် အမျိုးသားလွတ်မြောက်ရေး တပ် KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းယူ။ - မြင်းခြံ ဆုံရွာမှာ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ရွာခံ ၃၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဒီအပေါ်မှာ PDFတွေက ဘယ်လို တုံ့ပြန်ပါသလဲ။ - ဂါဇာထဲက ရာဖာမြို့ကို အစ္စရေးက ထိုးစစ် ဆင်နွှဲမယ်ဆိုရင် လက်နက်ထောက်ပံ့မှုတွေ ရပ်ဆိုင်းမယ်လို့ အမေရိကန် သမ္မတက သတိပေးပြောကြားလိုက်တဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း
Back to Top