အိန္ဒိယအလုပ်သမား (၄၁)ယောက်ကို အောင်မြင်စွာ ကယ်တင်နိုင်

ပြိုကျသွားတဲ့ မြေအောက်လှိုဏ်ခေါင်းအတွင်းမှာ (၁၇)ရက်ကြာ ပိတ်မိနေတဲ့ အိန္ဒိယအလုပ်သမား (၄၁)ယောက်ကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ် အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဟိမဝန္တာတောင်တန်းဒေသ၊ ဥတ္တရာခန်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၂)ရက်ကတည်းက ဆောက်လုပ်ဆဲ မြေအောက် ဥမင်လှိုဏ်ခေါင်းတစ်ခု ပြိုကျပြီး တော့ အထဲမှာ ဆောက်လုပ်ရေး အလုပ်သမား (၄၁)ယောက် ပိတ်မိနေခဲ့ပါတယ် အဲ့ဒီ ပိတ်မိနေတဲ့ အလုပ်သမားတွေကို ကယ်ထုတ်ဖို့အတွက် စက်ကိရိယာ အကူအညီတွေနဲ့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရဘဲ ရှိနေခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်တွေအထိ အလုပ်သမားတွေ ရှိနေတဲ့ နေရာက ကျောက်တောင်ကို ဖောက်ပြီး လွန်နဲ့တူးလို့ မြေကြီးတွေ ထပ်မံပြိုကျလာတာကြောင့် လက်လျှော့ခဲ့ရပါတယ် လှိုဏ်ခေါင်းအတွင်းမှာ ပိတ်မိနေတဲ့အလုပ်သမားတွေကို တစ်ယောက်ချင်းစီ ကယ်ထုတ်နိုင်ဖို့ (၇၅)ပေ အရှည်ရှိတဲ့ သံမဏိပိုက်လုံးကို ထိုးသွင်းခဲ့ရာမှာ သံမဏိယက်မတွေ ထပ်ပြိုကျပြီး ရှေ့မတိုးနိုင်ဘဲ ရှိနေခဲ့ပါတယ်။ ဒါကြောင့် စက်ကိရိယာ အကူအတွညီ မသုံးတော့ဘဲ မိုင်းလုပ်သားတွေရဲ့ နည်းစနစ်အတိုင်း လူတွေရဲ့လုပ်အားနဲ့ ကျောက်သားတွေကို တူးထုတ်ခဲ့ရာမှာ ပိတ်မိနေတဲ့ အလုပ်သမားအားလုံးကို နိုဝင်ဘာ၂၈ ရက်နေ့မှာအသက်ရှင်လျက် ပြန်လည် ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ မြေအောက် ဥမင်လှိုဏ်ခေါင်းအတွင်းမှာ ပိတ်မိနေတဲ့ အလုပ်သမား ၄၁ ယောက်လုံးကို အောင်မြင်စွာ ကယ်တင်နိုင်လိုက်နိုင်တာကြောင့် အလွန်ပင် စိတ်သက်သာရခဲ့တယ်လို့ အိန္ဒိယကုန်းလမ်းပို့ဆော
Back to Top