တရုတ် အထူးကိုယ်စားလှယ် စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ တွေ့ဆုံ ဆွေးနွေး - BBC NEWS မြန်မာ

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက် အင်္ဂါည ဘီဘီစီ မြန်မာ တီဗီ အစီအစဉ် - မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ရပ်တန့်ရေးအတွက် ဆိုပြီး တရုတ် နိုင်ငံရဲ့ အာရှ ရေးရာ အထူးကိုယ်စားလှယ်ဟာ နေပြည်တော်မှာ စစ်ကောင်စီ ဥက္ကဋ္ဌ နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့။ - ဆီးရီးယား နိုင်ငံ ဒမတ်စကတ် မြို့က အီရန် ကောင်စစ်ဝန်ရုံးကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ ကိစ္စကို ပြန်လည် တုံ့ပြန်သွားမယ်လို့ အီရန် သမ္မတက သတိပေး။ - စကြာဝဠာကြီးထဲက မမြင်ရတဲ့ အမှုန်အမွှားတွေကို ရှာဖွေဖို့ ဥရောပ သိပ္ပံ ပညာရှင်တွေ ကြိုးစားနေကြတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း
Back to Top