စစ်ကောင်စီ အမှားကို သည်းခံ ခွင့်လွှတ် မေ့ပျောက် ‌တော်မူဖို့ သီတဂူဆရာတော် မိန့်ကြား

စစ်ကောင်စီ အမှားကို သည်းခံ ခွင့်လွှတ် မေ့ပျောက် ‌တော်မူဖို့ သီတဂူဆရာတော် မိန့်ကြား ဇွန် ၂၂ - ၂၀၂၄ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့ရခြင်း အပေါ် သည်းခံ ခွင့်လွှတ် မေ့ပျောက် ကြဖို့ သီတဂူ ဆရာတော် ဘဒ္ဒန္တဉာဏိဿရက ဒီကနေ့ မိန့်ကြားလိုက် ပါတယ်။ သီတဂူ ဆရာတော် ဟာ ဒီကနေ့ နေ့လယ်ပိုင်းက ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ကို ကြွရောက်ကာ အခုလို မိန့်ခဲ့တာ ဖြစ်ပါတယ်။ ဘုရားရှင်လက်ထက်က ရှင်မောဂ္ဂလန် ကို လူဆိုး ၅၀၀ ဝိုင်းရိုက်ပြီး ပရိနိဗ္ဗာန် ပြု တဲ့ အကြောင်းကို ထည့်သွင်း မိန့်ကြားသွားပါတယ်။ ပြန်ပြင်လို့ မရတဲ့ အမှားကို အားပေးရာ မရောက်အောင်၊ နောက်ထပ် ထပ်မမှားအောင် သည်းခံ ခွင့်လွှင့် မေ့ပျောက်ဖို့ သံဃာတော်တွေကို တိုက်တွန်းသွားခဲ့တာ ဖြစ်ပါတယ်။ ---------------- THN Public Media - ဖေ့စ်ဘွတ် မှာလည်းကြည့်ပြီး ပံ့ပိုးနိုင်ပြီ ဖေ့စ်ဘွတ် မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ --------------------------- Twitter - တယ်လီဂရမ်လည်း ရှိပြီ တစ်တော့ လာပြီ @thnmedia?lang=en
Back to Top