ဟင်္သာတထွန်းရင် - အမေနဲ့ရွာကိုလွမ်းတယ်

တေးရေး - အောင်ကျော်ထွန်း Album - ဟင်္သာတထွန်းရင် စိတ်ကြိုက်ဆိုပွဲ 🎵 မြို့ကြီးပြပြီးရောက်တာ သုံးနှစ်သုံးလီကြာပြီအမေရယ် ပညာမွေ အမေကပေး တစ်နယ်တစ်ကျေးမှာ သားပျော်ရတယ် ရွာနဲ့အနေဝေးပေမယ့် ဘဝရှေ့ရေးတွေးလို့သာတကယ် အတတ်အသိပညာရှာရင်း အပေါင်းအသင်း သူငယ်ချင်းများနဲ့ ကစားခုန်စားပျော်ပါးကြတဲ့ သားသဘောက အမှန်တကယ် အမေနဲ့ရွာကိုမှန်း တမ်းတမ်းတတ ကျွန်တော့်မှာဖြေရတယ် ရွာအခြေ ဘယ်လိုပြောင်း မိခင်အို နေထိုင်ကောင်းပါစကွယ် တွေးတယ် ဆွေးတယ် မြို့မှာအနေကျွမ်းပေမယ့် ကျွန်တော့်စိတ်က ရေဝေးပန်းနှယ် အမေနဲ့ရွာကိုလွမ်းတယ်... ငယ်စဉ်က ဆရာတော်ကျောင်းမှာ ကကြီးအစ အ,အဆုံး သြော် စာလုံးပေါင်း သဘောနားလည် မိဘဆရာသမားများက သားအလှကို ပညာပေးတယ် ဘဝရှေ့ရေးတွေးပါတဲ့ကွယ် ကျွန်တော့်အရွယ် ငယ်ငယ်လေးမို့ ပြေးကာ လွှားကာ ရွာမှာပျော်ခဲ့တယ် သြော် အခုဆို မြို့ကိုရောက်လို့ တက္ကသီလာ အောင်မြင်ခြင်း သူငယ်ချင်းများနဲ့ အသိအမြင်ကြွယ် ခုန်မင်စရာတွေ ပေါပေမယ့် ကျွန်တော့်ရင်မှာ နေထိပန်းနှယ် အမေနဲ့ရွာကိုလွမ်းတယ်... ယုံကြည်ချက်မြင့်မား အမေ့သားက ဘဝအကြောင်းနားလည် အတုအယောင်လိုက်စား မိုက်မှားဖို့ မရည်ရွယ် အချောအလှမဒီကညာတွေ အစီအရီပေါပေမယ့် သားသဘောက ကျောင်းစာကိုခင်တွယ် ကျေးဇူးရှင် အမေ့ထံသို့ကွယ် ပညာစုံမှ ပြန်မယ် အမေရယ်... ကျွန်တော့်ဘဝအရွယ် ငယ်ငယ်လေးဝယ် ပြေးကာလွှားကာ ရွာမှသူငယ်ချင်းများနဲ့ ကစားကြတဲ့ အချိန်ကိုရောက်ရင် ငယ်မူမပျောက်လေဘဲ အမြဲလိုသာ မှန်းဆရွယ် အဖေရှိစဉ်အခါက သားကို ရှင်ပြုကြလို့ မျက်ရည်စို့
Back to Top