ပြည်သူအားလုံးပါဝင်ဖို့ စစ်ကောင်စီ ဥက္ကဌ သန်းခေါင်စာရင်း မိန့်ခွန်းပြောကြား

စစ်ကောင်စီ ဥက္ကဌ သန်းခေါင်စာရင်း မိန့်ခွန်းပြောကြား ============ ‘’ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့’’ ဆိုပြီး စစ်ကောင်စီ ဥက္ကဌ သန်းခေါင်စာရင်း မိန့်ခွန်းပြောကြား စက်တင်ဘာ ၁ - ၂၀၂၄ စစ်ကောင်စီဥက္ကဌ က ဒီကနေ့ ရုပ်သံကနေ သန်းခေါင်စာရင်းမိန့်ခွန်း ပြောကြားရာမှာ ‘’ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့’’ ဆောင်ပုဒ်နိုင် အညီ တိုင်းရင်းသား ညီအကိုအားလုံးက အင်တိုက် အားတိုက်နဲ့အညီ ပူးပေါင်း ပါဝင်ပေးကြဖို့ကို တိုက်တွန်း ပြောကြား သွားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အန္တိမ ရည်မှန်းချက်ဖြစ်တဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲစာရင်း အတိအကျရရှိရေး မှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကောက်ယူမယ့် ဒီအစီအစဥ်ဟာ အားလုံးပါဝင် ဆောင်ရွက်ရမှာ ဖြစ်လို့ တိုင်းရင်းသား အားလုံးအတွက် သမိုင်းမှတ်တိုင် တခု စိုက်ထူနိုင်မယ့် အခွင့်အခါ ဖြစ်ကြောင်း၊ ဒီအတွက် အမျိုးသားရေး လုပ်ငန်းစဥ်အဖြစ် ခံယူပြီး ဆောင်ရွက်ကြဖို့ကို စစ်ကောင်စီ ဥက္ကဌ က ပြောကြားပါတယ်။ အခု သန်းခေါင်စာရင်းဟာ နောင်အစိုးရ အဆက်ဆက် လက်ထက်မှာ လက်ဆင့်ကမ်း ပေးရမှာ ဖြစ်တဲ့ နိုင်ငံဖွံ့ဖြိုးရေး အတွက် အရေးပါကြောင်း လည်း သူပြောပါတယ်။ နိုင်ငံတော် ဖွံ့ဖြိုးရေးနဲ့ တခြားလုပ်ငန်းတွေ အတွက် အဖြစ်မနေ အခြေခံ အသုံးပြုရမယ့် ကိန်းဂဏန်းတွေ အချက်အလက်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သန်းခေါင်စာရင်း ကောက်တာဟာ လုပ်ငန်းကြီးမားပြီး ငွေကြေးကုန်ကျ များကြောင်း၊ ကမ္ဘာမှာ ၁၀ နှစ်မှ တကြိမ်သာ ƙ
Back to Top