စစ်တွေ အနီးက ဒေသခံတွေကို စစ်တပ်က မြို့တွင်းပြောင်းနေဖို့ အမိန့်ထုတ် - BBC NEWS မြန်မာ

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက် ဘီဘီစီ မြန်မာ တီဗီ အစီအစဉ် - စစ်တွေ မြို့နယ်အတွင်းမှာ ရှိတဲ့ ရွာ ၁၂ ရွာက လူတွေကို မြို့တွင်းပြောင်းရွှေ့ဖို့ စစ်တပ်က အမိန့်ထုတ်ပြန်ထားပါတယ်။ သူတို့ကို ဘာကြောင့် နေရာပြောင်းရွှေ့ခိုင်းတာပါလဲ။ - စစ်ကိုင်းက ကျေးရွာ အများစုမှာ အခြေခံ ပညာရေး အတွက် ကိုယ်ထူကိုယ်ထ စနစ်နဲ့ လည်ပတ်နေရပါတယ်။ စစ်ဘေးကနေ ထွက်ပြေးလာကြတဲ့ ကလေးငယ်တွေ ပညာသင်ကြားခွင့် ရနေပါပြီလား။ - စက်မှု ထိပ်သီး ၇ နိုင်ငံ G7 အစည်းအဝေးကို အီတလီနိုင်ငံမှာ ကျင်းပနေပြီး၊ သိမ်းဆည်းထားတဲ့ ရုရှားရဲ့ ငွေကြေး ပိုင်ဆိုင်မှုတွေကို ယူကရိန်းကာကွယ်ရေးမှာ အသုံးချမလား ဆိုတာကိုလည်း ဆွေးနွေးကြဖို့ ရှိနေတဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း
Back to Top