နိုင်ငံတော်၏နယ်နိမိတ်နှင့်အချုပ်အခြာအာဏာ ဆက်လက်ခိုင်မြဲနေမှာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

၄ မတ် ၂၀၂၄ မြန်မာနိုင်ငံ၏ နယ်နိမိတ်နှင့် အချုပ်အခြာအာဏာသည် ဆက်လက်ခိုင်မြဲနေမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့တွင်ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ရှင်းလင်းပြောကြားရာမှာ ယင်းအချက်ကိုထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အနှစ်ချုပ်မှာ ၁။နိုင်ငံတော်၏နယ်နိမိတ်နှင့်အချုပ်အခြာအာဏာသည် ဆက်လက်ခိုင်မြဲနေမှာဖြစ် ၂။ဒေသခံပြည်သူလူထုစီးပွားဘဝတည်ငြိမ်ရေးကိုရှေးရှပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပဋိပက္ခလျှော့ချရေးလမ်းစဉ်ကို ဆက်လက်ဆောင်ရွက်နေ ၃။နယ်စပ်ဒေသတည်ငြိမ်ရေး တရားဥပဓေစိုမိုးရေးနှင့် နယ်စပ်ဂိတ်များစီမံခန့်ခွဲမှု ကုန်သွယ်မှုတို့ နှစ်နိုင်ငံအစိုးရများရဲ့စီမံခန့်ခွဲမှုအောက်မှာပဲရှိမှာဖြစ် ၄။တရုတ်-မြန်မာနှစ်နိုင်ငံလုံးနှင့်သက်ဆိုင်တဲ့ အကျိုးစီးပွားများကို မြန်မာအစိုးရအနေနှင့် ဆက်လက် အလေးထားကာကွယ်မည် ၅။နယ်စပ်တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ မူးယစ်ဆေးဝါး ဆိုက်ဘာမှုခင်း နှစ်နိုင်ငံအစိုးရပူးပေါင်း ပြတ်ပြတ်သားသားနှိမ်နှင်းသွားမည် ၆။မြန်မာနိုင်ငံ၏ပိုင်နယ်နယ်မြေကိုအသုံးပြုပြီး အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကိုထိခိုက်အောင် လုပ်ဆောင်သည့် မည်သည့်လုပ်ဆာင်မှုကိုမှ မြန်မာနိုင်ငံကလက်မခံ ၇။ငြိမ်းချမ်းရေးဆွေးနွေးမှုကိုဖြစ်မြောက်အာင် လုပ်ဆƞ
Back to Top