ဦးဥတ္တမနေ့တွင် အခြားတိုင်းရင်းသားများပါ အလေးထားပါဝင်စေချင်

ဦးဥတ္တမနေ့ အခမ်းအနားတွင် အခြားတိုင်းရင်းသားများပါ အလေးထားပါဝင်စေချင်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးတိုက်တွန်း ---------- ထက်ဝေလင်း ----------- စက်တင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ်ကျင်းပပြုလုပ်မည့် ၇၉ နှစ်မြောက် အသျှင်ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်တိုင်းရင်းသားများသာမက အခြားတိုင်းရင်းသားများကလည်း အလေးထားပါဝင်ပေးကြရန် ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေးမောင်က တိုက်တွန်းလိုက်သည်။ စက်တင်ဘာလ ၅ ရက် နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် ဓမ္မာရုံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၀န် ကြီးက ယခုကဲ့သို့တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရိုက်ကူး/တည်းဖြတ် - သီဟ၊ထက်ဝေလင်း၊ပြည့်စုံ
Back to Top