တရုတ်ဆီက တိုက်ခိုက်ရေးလေယာဥ်သစ် ၆ စီးကို စစ်ကောင်စီရရှိထား

တရုတ်ဆီက တိုက်ခိုက်ရေးလေယာဥ်သစ် ၆ စီးကို စစ်ကောင်စီရရှိထား (ရုပ်/သံ) ဇော်မြတ်ခန့်၊ စက်တင်ဘာ ၂၇၊ ၂၀၂၄ တရုတ်နိုင်ငံကနေ မှာယူထားတဲ့ FTC 2000 G အမျိုးအစား အပေါ့စားတိုက်ခိုက်ရေး လေယာဥ်အသစ် ၆ စင်းကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ စစ်ကောင်စီ လက်ခံရရှိထားတယ်လို့ ဧရာဝတီက စုံစမ်းသိရှိရပါတယ်။ ၂၀၂၀ ခုနှစ်က တရုတ်နိုင်ငံကနေ မှာယူထားတဲ့ လေယာဥ်တွေဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ပထမအကြိမ် ၆ စီးပို့ထားပြီး အခု ဒုတိယအကြိမ် ပို့ဆောင်လာတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ အခုလက်ခံရရှိထားတဲ့ လေယာဥ်တွေကို အခြေအနေတွေအရ တပ်တော်မဝင်ခင်မှာပဲ သုံးနိုင်ဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်နေတယ်လို့ သိရပါတယ်။ မြေပြင်စစ်ဆင်ရေးတွေမှာ အကြီးအကျယ်ရှုံးနိမ့်နေတဲ့ မြန်မာစစ်တပ်ဟာ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ရှိတဲ့ အရပ်ဘက် ပစ်မှတ်တွေကိုပါ လေကြောင်းနဲ့ တိုက်ခိုက်နေချိန် FTC 2000 G တရုတ်နိုင်ငံကနေ ထပ်ရောက်လာတာဖြစ်ပါတယ်။ #မြန်မာ #ဧရာဝတီ #​လေယာဥ်သစ် #FTC2000G #တရုတ် #၆စီး #​လေတပ်
Back to Top