ရုရှား ကိုဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးစေခဲ့တဲ့ လေတပ်စခန်းကို ATACMS နဲ့တိုက်ခိုက်မှု

ရုရှားကိုဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးစေခဲ့တဲ့ လေတပ်စခန်းကို ATACMS နဲ့တိုက်ခိုက်မှု ဘားဒီးယန့်စ် လေတပ်စခန်းကို တိုက်ခိုက်ခဲ့တဲ့ လက်နက်အမျိုးအစားဟာ အမေရိကန်ရဲ့ အတက်ကမ်စ် အဝေးပစ် ပဲ့ထမ်းနည်းဗျူဟာဒုံးကျည်တွေဖြစ်တယ်လို ရုရှားအာကာသအေဂျင်စီအကြီးအကဲဟောင်းနဲ့ လက်ရှိ ဇာပိုရီးရှားလွှတ်တော်အမတ် ဒီမီထရီ ရိုဂိုဇင်က ပြောလိုက်ပါတယ်။ အတက်ကမ်စ် ဒုံးကျည်တွေ ပေးမယ် မပေးဘူးဆိုတာကို အမေရိကန်အစိုးရက ရှင်းရှင်း လင်းလင်းပြောဆိုတာမရှိပေမဲ့ လေဆိပ်အနီးမှာတွေ့ရတဲ့ ဒုံးကျည်အစအနတွေအရ အတက်ကမ်စ် ဒုံးကျည်အမျိုးအစားတွေဖြစ်တယ်လို ရိုဂိုဇင်က ပြောပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်ကျွမ်းကျင်သူတွေက တရားဝင်ထုတ်ဖော်ပြောဆိုတာမရှိပေမဲ့ နည်းဗျူဟာဒုံးကျည်တွေဖြစ်တယ်ဆိုတာ အသေအချာပြောနိုင်ကြောင်းလည်း ရိုဂိုဇင်က ဆိုပါတယ်။ အဆိုပါနည်းဗျူဟာမြောက်အဝေးပစ်ဒုံးကျည်တွေရဖို ယူကရိန်းက အကြိမ်ပေါင်းများစွာတောင်းဆိုနေခဲ့တာဖြစ်ပြီး လက်ရှိ ဟားမတ်စ်နဲ့ အစ္စရေးစစ်ပွဲကို အများက အာရုံစိုက်နေချိန်မှာ အမေရိကန်က လျှိဝှက်ပေးခဲ့တာဖြစ်မယ်လို ရိုဂိုဇင်က ပြောပါတယ်။ အတက်ကမ်စ် နည်းဗျူဟာဒုံးကျည်တွေဟာ ကီလိုမီတာ ၃၀၀ က ပစ်မှတ်တွေကို တိတိကျကျပစ်ခတ်နိုင်တဲ့လက်နက်တွေဖြစ်လို ရုရှားတပ်တွေ အနေနဲ့ အလွန်သတိထားရမဲ့ အခြေအနေရောက်လာပြီလိုလည်း ရိုဂိုဇင်ကဆိုပါတယ်။ ယူကရိန်းတပ်တွေဟာ အတက်ကမ်စ် နည်းဗျူဟာဒုံးကျည်တွေသာမက အမေရိကန်နဲ့ဆွီဒင်ပူးပေါင်းထုတ်လုပ်ထားတဲ့ GLSDB ဗုံးတွေကိုပါ အသုံးပြုခဲ့ပုံရှိတယ်လို ရုရှားအာ&#
Back to Top