အခက်အခဲတွေကြောင့် မယ်တော်ကြီးအိမ်ကိုပေါင်ပြီး အကြွေးတွေထိုးဆပ်လိုက်ရတယ်ဆိုတဲ့ ဆရာတော်ဘဒ္ဒန္တကုဝေရ

စစ်ရှောင်ကလေး ၉၀ ကျော်စောင့်ရှောက်ထားရပေမဲ့ လက်ရှိကာလအခက်အခဲတွေကြောင့် မယ်တော်ကြီးအိမ်ကိုပေါင်ပြီး အကြွေးတွေထိုးဆပ်လိုက်ရတယ်ဆိုတဲ့ ဆရာတော်ဘဒ္ဒန္တကုဝေရ ၁၉.၈.၂၀၂၄ ရိုက်ကူး/တည်းဖြတ် - သန္တာ၊ အနိုင် “အခုလောလောဆယ်မှာ စားစရာဆန်ဆိုတာ လုံးဝမရှိဘူး။ အခုလို ဆန် ၁၅ အိတ်လောက်ကြီး ဘုန်းဘုန်းဆီလာပြီးတော့ လှူတယ်။ လှူတဲ့အတွက် ဘုန်းဘုန်းအရမ်းဝမ်းသာတာပေါ့နော်။ တကယ်လည်း လှိုက်လှိုက်လှဲလှဲကို ဝမ်းသာပါတယ်။ ဒကာလေးတစ်ယောက်ဖုန်းဆက်တယ် ဆန် ၁၅ အိတ်လောက်ပါမယ်ဆိုတော့ ဘုန်းဘုန်းတို့မှာ ဒီနေ့ချက်ပြီးရင် နောက်နေ့စာအတွက် ဆန်မရှိတဲ့အခြေအနေဖြစ်နေတာပေါ့။ အဲလိုဖြစ်နေတဲ့ ဘုန်းဘုန်းအနေနဲ့ ဒီအသင်းအဖွဲ့ ကိုလည်း တကယ်ပီတိလည်းဖြစ်တယ် ဝမ်းလည်းသာပါတယ်။ ဒီကျောင်းကို ထူထောင်တဲ့အချိန်မှာ ဘယ်လောက်ထိအခက်အခဲဖြစ်သလဲဆိုတော့ ကိုဗစ်ကာလကနေ ခုချိန်ထိ ဘုန်းဘုန်းရဲ့ မယ်တော်ကြီးအိမ်ကို သိန်း ၁၃၀ နဲ့ပေါင်ပြီးတော့ ဒီ အကြွေးလေးတွေကို ထိုးဆပ်ထားရတာပေါ့။ အဲလိုရှိပါတယ်။ ဘုန်းဘုန်းရဲ့မိဘ မယ်တော်ကြီးက အသက် ၈၉ နှစ်ရှိပြီ။ မျက်စိကွယ်နေပါပြီ ဒီအိမ်လေးကို ဘုန်းဘုန်းရွေးချင်တာပေါ့နော် ”ဆိုပြီး စစ်ရှောင်ကလေးတွေ စောင့်ရှောက်ရာမှာ ကြုံရတဲ့အခက်အခဲတွေ ပြောပြလာတဲ့ အမြန်လမ်း ၉၉ မိုင် ၁ ဖာလုံက မေတ္တာမွန် ပရဟိတကျောင်းတိုက် ထူထောင်သူ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တကုဝေရ #ဘဒ္ဒန္တကုဝေရ #ကျောင်းမောင်းကြသူများ #ကျောင်းထိုင်ဆရာတော်ဘုဒ္ဒန္တကုဝေရ #၉၉မိုင်၁ဖာလုံ #DrivingMyanmarGroup #မေတ္တာမွန်ပရဟိတကျောင်းတိုက် #mtentertainment
Back to Top