“ဗမာစစ်တပ်က ပြိုကွဲသွားနိုင်တဲ့ အနေအထားကို တဖြည်းဖြည်း သွားနေပြီ”

“ဗမာစစ်တပ်က ပြိုကွဲသွားနိုင်တဲ့ အနေအထားကို တဖြည်းဖြည်း သွားနေပြီ”- ဗိုလ်ချုပ်တားဂျုတ်ဂျား၊ TNLA ဒုဥက္ကဋ္ဌနှင့် အင်တာဗျူး ခေတ်မီတပ်မတော်(Standard Army) ဆိုပြီး စစ်ခေါင်းဆောင်တွေ တတွင်တွင် ပြောနေတဲ့ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီး ၂နှစ်ကျော်အတွင်းမှာ ပြိုကွဲသွားနိုင်တဲ့ဘက်ကို တဖြည်းဖြည်း ဦးတည်နေတယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) ရဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် တားဂျုတ်ဂျားက ပြောလိုက်ပါတယ်။ စစ်အာဏာရှင်စနစ်အပါအဝင် မြန်မာ့နိုင်ငံရေးတခုလုံးကို ပြုပြင်ပြောင်းလဲနိုင်ဖို့ဟာ နွေဦးတော်လှန်ရေးက အဓိက အခရာကျတယ်လို့လည်း သူက ပြောပါတယ်။ TNLA အနေနဲ့ကော နွေဦးတော်လှန်ရေးမှာ ဘယ်လိုပူးပေါင်းပါဝင်နေပါသလဲ။ ဒီအကြောင်းအပါအဝင် အာဏာသိမ်းစစ်တပ်ရဲ့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး TNLA ရဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် တားဂျုတ်ဂျားကို Myanmar Now က တွေ့ဆုံမေးမြန်းထားပါတယ်။ မေးမြန်း၊ တင်ဆက် - မြတ်ပန်း၊ စထွန်းအောင် လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
Back to Top