ရခိုင်ကိုဝင်ရောက်နေတဲ့ မိုခါမုန်တိုင်းညပိုင်းမှာပိုပြီးအန္တာရာယ်များနေတယ်လို့ မိုးလေဝသပညာရှင်သတိပေး

မေ၊ ၁၄ ‘’အခုလောလောဆယ်မှာက မုန်တိုင်းအရှေ့ပိုင်းက ဝင်သွားပြီ။ မုန်တိုင်းဗဟိုကလည်း ကမ်းခြေကို ဖြတ်ကျော်ပြီး ဝင်သွားပြီပေါ့နော်။ ဝင်သွားပြီးဆိုတော့ မုန်တိုင်းရဲ့ အနောက်ပိုင်းက ပိုပြီးတော့ အားလည်းပြင်းတယ်။ ဝင်လာတဲ့ လေစီးကြောင်းက ရခိုင်ရိုးမကြီး ကာနေတဲ့အနေအထားမျိုး၊ မုန်တိုင်းရဲ့ အရှေ့ပိုင်းလို အနေအထားမျိုး မဟုတ်ဘူး။ လေလည်း ပိုပြင်းမယ်။ ခန့်မှန်းထားတဲ့ မုန်တိုင်း ဒီရေ ၁၀ ပေ ကျော်လောက်ဆိုတာကလည်း ပင်လယ်ကြီးကို ဖြတ်ပြီးတော့ တောင်တန်းအကာကွယ်မရှိ၊ တောင်ကုန်း အကာအကွယ် မရှိ အဲလိုပုံစံမျိုးနဲ့ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ၊ စစ်တွေ၊ နောက်ပြီးတော့ ကျောက်ဖြူလောက်အထိ ဒီနေရာတွေကို ဝင်လာနိုင်တယ်။ အဲဒါကလည်း ည ၁၁ နာရီလောက်အထိ ဆက်သွားနိင်တယ်။ အခုက ညနေပိုင်းကနေ ဖြစ်လာမဲ့ အခြေအနေကိုသတိထားပေးပါ။ ပိုပြီးတော့လည်း အန္တရာယ် များတယ်။ မှောင်လည်း မှောင်သွားမယ်။ အသက်အန္တရာယ်တွေ ပိုစိုးရိမ်းရတဲ့ အနေအထားမျိုး ဖြစ်လာနိုင်ပါတယ်။ နာဂစ်နီးနီးလောက် ဖြစ်သွားနိုင်တယ်။ နာဂစ်တုန်းကလည်း အတွေ့အကြုံတွေ ရှိခဲ့ပြီးပြီ။ မနက်ပိုင်း ဖြတ်တဲ့၊ ဝင်တဲ့ လေတိုက်နှုန်းက ကျွန်တော်တို့ကို သိပ်ပြီးတော့ ဒုက္ခ မပေးဘူး။ ညနေပိုင်း ၃ နာရီ ကျော်ပြီးမှ ဝင်တဲ့ လေတိုက်နှုန်းနဲ့ အဖျက်စွမ်းအားက အဲဒီအချိန်မှ ပိုများတယ်။ လူတွေလည်း အသေအပျောက်တွေက အဲဒီအချိန်ကြတော့မှ များတာ။ အဲဒီလိုအခြေအနေမျိုး ထပ်ပြီးတော့ မဖြစ်စေချင်ဘူးပေါ့ဗျာ’’ ဦးဝင်းနိုင် (မိုးလေဝသပညာရှင်)
Back to Top