ပိုမိုရှုပ်ထွေးလာပြီး ဘာသာရေးတိုက်ပွဲအဖြစ်ပုံစံပြောင်းသွားနိုင်တဲ့ အစ္စရေး - ပါလက်စတိုင်းစစ်ပွဲ

ပိုမိုရှုပ်ထွေးလာပြီး ဘာသာရေးတိုက်ပွဲအဖြစ် ပုံစံပြောင်းသွားနိုင်တဲ့ အစ္စရေး - ပါလက်စတိုင်းစစ်ပွဲ ဥရောပနိုင်ငံမြို့ကြီးတွေမှာပါလက်စတိုင်းကို ထောက်ခံတဲ့ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပြီးဒိန်းမတ်နိုင်ငံကနာမည်ကြီး ရေသူမရုပ်တုကိုလည်းပါလက်စတိုင်းခေါင်းစည်းပုဝါစနဲ့ လည်စည်းပေးခဲ့ကြပါတယ်။ အခုတော့ဥရောပနိုင်ငံအများအပြားမှာ အစ္စရေးကိုထောက်ခံတဲ့တန်ပြန်ဆန္ဒပြပွဲတွေလုပ်နေကြပါပြီ။ လန်ဒန်မှာလူပင်လယ်ကြီးဟာ အစ္စရေးအလံတွေဝှေ့ရမ်းပြီးအစ္စရေးကိုထောက်ခံကြောင်းစုရုံးခဲ့ကြပါတယ်။ မုန်တိုင်းဒဏ်အကြီးအကျယ်ခံနေရတဲ့ဒိန်းမတ်နိုင်ငံမှာလည်း နှစ်ပေါင်းတရာကျော်အတွင်းမကြုံစဖူးအဆိုးရွားဆုံးမုန်တိုင်းဒဏ်ခံနေရတဲ့ကြားက အစ္စရေးကိုထောက်ခံတဲ့ဆန္ဒပြပွဲလုပ်ခဲ့ကြပါတယ်။ အခြေအနေတွေကဘာသာရေးပဋိပက္ခအသွင်ပြောင်းလဲသွားပြီး ခရူးဆိတ်စစ်ပွဲပုံစံဖြစ်သွားနိုင်တဲ့အနေအထားပါ။ အခုဘိုင်ဒင်နဲ့ ကနေဒါ၊ ဂျာမနီ၊ဗြိတိန်၊ပြင်သစ်၊အီတလီထိပ်သီးခေါင်းဆောင်တွေ အရေးပေါ်အစည်းအဝေးလုပ်နေကြကြောင်းသိရပါတယ်။ ယမန်နေ့ မနက်က အစ္စရေး တင့်ကားတစ်စီးက အီဂျစ် - အစ္စရေး - ဂါဇာ သုံးပွင့်ဆိုင်နယ်စပ်က အီဂျစ်စစ်တပ် ကို မတော်တဆ ပစ်ခတ်မိတယ် လို့ အစ္စ‌ရေး ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ သူတို့က အဲ့ဒိမတော်တဆမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို လုပ်နေတယ်လို့ လည်း ဆိုပါတယ်။ အဲ့ဒိလိုမျိုးတွေ မြေပြင်မှာ ဖြစ်နေရင်တော့ ဒီတခေါက် အစ္စရေး-ပါလက်စတိုင်းစစ်ပွဲက ထင်တာထက် ပိုမိုရှုပ်ထွေးလာနိုင်စရာ ရှိနေပါ
Back to Top