Hokkaido earthquake- Homes buried and roads cracked by strong quake - CNN

( စက်တင်ဘာ - ၀၆၊ ၂၀၁၈ ) ဂျပန်မြောက်ပိုင်း အင်အားပြင်းငလျှင်လှုပ်၊ မြေပြို၍ နေအိမ်များဖုံးလွှမ်း။ ညူကလီယာဓါတ်အားပေးစက်ရုံ ရပ်ဆိုင်းလိုက်ရပြီး ဒီဇယ်ဆီသုံး အရေးပေါ်ဂျင်နရေတာများဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေရ =================================== ((( CNN., September 6, 2018. “Earthquake buries homes under landslides in Hokkaido, Japan “By Yoko Wakatsuki ကို Htay Oung​ ဆီလျှော်အောင် ဘာသာပြန်ဆိုသည်။ ))) ကြောက်မက်ဖွယ်ရေကြီးခြင်း၊ တိုက်ဖွန်းမုန်တိုင်း၊ မြေငလျှင်၊ မြေပြိုခြင်းနှင့် အပူလှိုင်းကျရောက်ခြင်းတို့ဖြင့် နွေရာသီ ပျက်စီးရှုတ်ထွေးများကြုံတွေ့လျှက်ရှိသည့် ဂျပန်နိုင်ငံတွင် နောက်ထပ်သဘာဝဘေးအန္တရာယ်က ထပ်မံထိုးနှက်လိုက်ပြန်ကြောင်း CNN က ယနေ့ရေးသားသည်။ ကြာသပတေး ( ယနေ့ ) နံနက်စောစောပိုင်း ဂျပန်မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းတွင် ပြင်းအား ၆.၇ မဂ္ဂနီကျု့ဒ်ရှိသော အင်အားပြင်းမြေငလျှင်လှုတ်ခတ်သဖြင့် မြေပြိုရာ တောင်စောင်းရှိ နေအိမ်အမြောက်အများအား မြေဖုံးလွှမ်းပြီး အနည်းဆုံး လူ ၄-ဦးသေဆုံးကြောင်း သိရှိရသည်။ မြေငလျှင်ကြောင့် လူဒါဇင်ပေါင်းများစွာ ဒါဏ်ရာရရှိကြရပြီး ၃၁-ဦး ပျောက်ဆုံးနေကြောင်း ဟော့ကိုင်းဒိုးဒေသကြီးအစိုးရ ေ
Back to Top